Back to top

SMP-Study in Malaysia Program

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in _menu_load_objects() (line 579 of /home/u435297095/domains/sqsmyanmar.com/public_html/includes/menu.inc).

Study in Malaysia Program (SMP)

 

မဂ်လာပါရှင်

မိတ်ဆွေများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်

ကျောင်းလခ ၊ နေထိုင်စရိတ် တွေ အတွက် အကုန်အကျ လည်း မများချင်ဘူး ၊  ကိုယ့်နိုင်ငံနဲ့ သိပ်မဝေး ယဉ်ကျေးမှုလည်း မကွာတဲ့ တိုင်းပြည်မျိုးမှာပဲ တက်ချင်တယ် ၊ နိုင်ငံခြားမှာလည်း နိုင်ငံတကာ အသိအမှတ်ပြု ပညာရေးကို သင်ကြားလိုတယ် ၊ နိုင်ငံခြားကို ချက်ချင်းလို သွားရောက်ချင်တာ ဖြစ်ပေမယ့် Visa Reject ထိမှာတွေလည်း ကြောက်နေတယ်…. …..ဆိုတဲ့ မိတ်ဆွေများ ရှိနေရင် ဒီပိုစ့်လေးကို ဆက်ဆက်ဆုံး အောင် ဖတ်ပေး ပါရှင့်

အခု SQS ရဲ့ အသစ် ချိတ်ဆက်လိုက်တဲ့ SMP- Study in Malaysia  Program ကနေ အချက်အလက်အားလုံး အဆင်အပြေဆုံး ဖြစ်အောင် Malaysia နိုင်ံငံရဲ့ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ် တစ်ခုဖြစ်တဲ့ City University Malaysia နဲ့ ချိတ်ဆက်ထားပြီ ဖြစ်ကြောင်း အသိပေးရင်း ကျောင်းအကြောင်း မိတ်ဆက် ပေးချင်ပါတယ်ရှင့်။

City University ကို 1984 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့ မလေးရှားနိုင်ငံရဲ့ ၃၉ နှစ်ကြာ သက်တမ်းရှိပြီး ရှေးအကျဆုံး ပုဂ္ဂလိက ပညာရေး တက္ကသိုလ်တွေ ထဲက တစ်ခု ဖြစ်ပါတယ်။ City University ဟာ အာစီယံနိုင်ငံတွေရဲ့  အဆင့်မြင့်တက္ကသိုလ် ၂၉ ကျောင်းထဲက  အဆင့် ၁၃ ရရှိထားတဲ့ တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။ မလေးရှားမှာ ပုဂ္ဂလိကအဆင့်မြင့် တက္ကသိုလ်များစွာ ရှိသော်လည်း CITY UNIVERSITY ဟာနိုင်ငံတွင်းမှာ အစဥ်အလာ ကြီးမားပြီး ၊ အာရှဒေသ တခွင်မှာလည်း နာမည် ဂုဏ်သတင်း မြင့်မားရုံ သာမက ကမ္ဘာ့ အဆင့်မှီ တက္ကသိုလ်ကြီး တစ်ခု လည်း ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တက္ကသိုလ် နဲ့ ကောလိပ်ပေါင်း 100 ကျော်နဲ့ လည်း ချိတ်ဆက် သင်ကြားလျှက်ရှိတဲ့  တက္ကသိုလ်တခုဖြစ်ပါတယ်။

 

City University Malaysia ဟာ အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်၊ သြစတြေးလျ၊ အမေရိကန်၊ အင်ဒိုနီးရှား၊ တရုတ် စတဲ့ တက္ကသိုလ် အများအပြားနှင့် ချိတ်ဆက်ထားပြီး ၊ နိုင်ငံတကာ ကျောင်းသားများ အတွက်လည်း Scholarships ရရှိနိုင်အောင် စီစဥ်ထားတဲ့အပြင် ထူးချွန်ကျောင်းသားတွေ အတွက် နယ်ပယ် အသီးသီးတွင်လည်း မိတ်ဖက် အဖွဲ့အစည်းများ ကုမ္ပဏီများ သို့ ကျောင်းသားများ၏ ကျွမ်းကျင်မှုများကို ကမ်းလှမ်းစေဖို့ ၊ ပရောဂျက်များ အတွက် ရံပုံငွေ စီစဉ်ဖို့ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ချိတ်ဆက် လုပ်ဆောင် ဖို့လည်း ခွင့်ပြုထားပါတယ်။

City University မှာ ဒီဇိုင်းပိုင်းဆရာ ၊ နည်းပညာပိုင်းဆိုင်ရာ ၊ အင်ဂျင်နီယာ ဘာသာရပ်များ ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲရေး ဘာသာရပ်များ ၊ ဟိုတယ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲရေး ဘာသာရပ်များ ၊ ကျန်းမာရေးပိုင်းဆိုင်ရာ ဘာသာရပ်များ စသဖြင့် ဘာသာရပ် အလိုက် စုံစုံလင်လင် ရှိတဲ့ အတွက် မိမိ ဝါသနာပါရာ အတိုင်း ရွေးချယ် တက်ရောက်နိုင်ပြီးတော့ ဘာသာရပ်တွေကို အခြေခံကနေ စတင် သင်ကြားလိုသူများ အတွက် လည်း Foundation Course တွေကနေ စပြီး Diploma, Bachelor, Master, Doctor အဆင့်တွေထိ ချိတ်ဆက် သင်ကြားနိုင်တဲ့ တက္ကသိုလ် တစ်ခု ဖြစ်ပါတယ် ရှင်။

City University မှာ တက်ရောက်နိုင်တဲ့ သင်တန်းတွေကတော့ အောက်ဖော်ပြပါအတိုင်းပဲ ဖြစ်ပါတယ်ရှင်။

Diploma Courses

  1. Diploma in Fashion Design
  2. Diploma in Graphic Design
  3. Diploma in Accounting
  4. Diploma in Business Management
  5. Diploma in Human Resource Management
  6. Diploma in information Technology
  7. Diploma in Nursing
  8. Diploma in Hospitality Management
  9. Diploma in Civil Engineering
  10. Diploma in Mechanical Engineering
  11. Diploma in Architectural Technology
  12. Diploma in Interior Design

 

Bachelor Courses

  1. Bachelor of Graphic Design (Hons)
  2. Bachelor of Fashion Design (Hons) (ModArt Dual Award - France)
  3. Bachelor of Fashion Design (Hons) (Single Award)
  4. Bachelor of Business Administration (Hons)
  5. Bachelor of Accounting (Hons)
  6. Bachelor of Science (Hons) Accounting & Finance
  7. Bachelor of Information Technology (Hons)
  8. Bachelor of Computer Science (Hons) Software Engineering
  9. Bachelor of Nursing
  10. Bachelor of Hospitality Management (Hons) (Vatel Dual Award -France)
  11. Bachelor of Hospitality Management (Hons) (Single Award)
  12. Bachelor of Civil Engineering with Honors
  13. Bachelor of Mechanical Engineering with Honors
  14. Bachelor of Science (Hons) Architectural Design
  15. Bachelor of Interior Design (Hons)

 

Master Courses

  1. Master of Business Administration (MBA)
  2. Master of Science in Business Administration (By Research) (MSCBA)
  3. Master of Information Technology (MIT)
  4. Master of Accounting (MACC)
  5. Master of Mechanical Engineering (MME)
  6. Master of Architecture Project Management (MAPM)